ကုမ္ပဏီ အကြောင်း

အလုပ်အကိုင်

Recruitment Info

coming soon...

Home ကုမ္ပဏီ အကြောင်း
About Us

နုပျိုလန်းဆန်းသော D & D သည် နိုးကြား တက်ကြွမှု များဖြင့် ပြည့်နှက်နေပြီး တည်ငြိမ်တိုးတက်သော ခြေလှမ်းများဖြင့် (၅)နှစ်တာ ကာလကို ဂုဏ်ယူအောင်မြင်စွာ ဖြတ်သန်းခဲ့ပြီး ဖြစ်ပါသည်။ ဖြတ်သန်းခဲ့သော အတွေ့အကြုံများကို အခြေခံပြီး လုပ်ငန်းများ တိုးတက်အောင် ကြိုးပမ်းရင်း နုနယ်သော ခြေလှမ်းများဖြင့် စတင်ခဲ့သော်လည်း ယခုအခါ အခက်အခဲ၊ ပင်ပန်းမှုများကြားမှ ကုမ္ပဏီ၏ အောင်မြင်မှုမှတ်တမ်းကို ဖော်ညွှန်းနိုင်ခဲ့ပေပြီ။ ကုမ္ပဏီမှ Designer များ၏ ဆန်းသစ်သော အတွေးအမြင်၊ အယူအဆနှင့် အဖွဲ့ဝင်အားလုံး၏ နိုးကြားကြိုးစားခြင်း၊ လိုအပ်ချက်မှန်သမျှကို အဆက်မပြတ် ပြင်ဆင်ကြိုးစားရင်း ဝန်ထမ်းအားလုံး၏ စည်းလုံးညီညွတ်ခြင်းဖြင့် အောင်မြင်မှုအသီးအပွင့်များကို မြင်တွေ့ခံစားခဲ့ရပြီဖြစ်သည်။ Customer များ၏ အစဉ်တစိုက်ယုံကြည်အားပေးမှု ၊ အဖွဲ့ဝင်များ၏ ကြိုးစားမှု ပညာရှင်များ၏ ပံ့ပိုးမှုများသည် D & D ၏ အနာဂတ်အတွက် ခိုင်မာသည့် အောင်မြင်မှုခြေလှမ်းများပင် ဖြစ်သည်။ ယခုအောင်မြင်မှုမှတ်တမ်းသည် ကျွန်ုပ်တို့၏ ရင်ခုန်ဖွယ် မှတ်တမ်းတစ်ခု အဖြစ် စတင်ခဲ့ပြီး နောင်အနာဂတ်တွင်လည်း အသစ်အသစ်များကို စိတ်ခေါ်ဖြတ်သန်းပြီး အောင်မြင်မှုများစွာရယူ ဦးပေလိမ့်မည်။ ဤအောင်မြင်မှုများကို မှတ်တမ်းတင်နိုင်ရန်အတွက် လုပ်ငန်းရွေးချယ် အပ်နှံပေးခဲ့သော Customer များ၊ အောင်မြင်မှုများ ရရှိအောင် အားသွန်ခွန်စိုက် ကြိုးစားပေးခဲ့သော ဝန်ထမ်း အဖွဲ့ဝင်များအားလုံး၊ အဘက်ဘက်မှ ဝိုင်းဝန်းကူညီကြသော ပုဂ္ဂိုလ်များ အာလုံးအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

 

လုပ်ငန်းဆိုင်ရာ သတင်း

နိုင်ငံပိုင်အိမ်ခြံမြေများကို လေလံပစ်ရန် အစီအစဉ်ရှိသေး
ကျော်ဆုမွန်
အတွဲ ၂၆ ၊ အမှတ် ၅၂၀ ( ၃-၉ ၊ ၆ ၊ ၂၀၁၁)

နိုင်ငံပိုင်အိမ်ခြံမြေနှင့် ပိုင်ဆိုင်မှုများကို ဆက်လက် လေလံပစ်မည့် အစီအစဉ်များရှိသေးကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး ဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ချုပ်ဒေါက်တာအောင်မျိုးကပြောသည်။

Read More >